Ooredoo ကို သုံးစွဲခြင်းဖြင့် မိတ်ဆွေသည် နိုင်ငံရပ်ခြားသို့ ဖုန်းခေါ်ခြင်း နှင့် စာတိုပို့ခြင်း(SMS) တို့ကို အချိန်မရွေး ပြုလုပ်နိုင်ပါပြီ။
နိုင်ငံတကာသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုခြင်း (IDD)
Ooredoo ကွန်ရက်၏ ကမ္ဘာအနှံ့အပြားသို့ စွမ်းရည်မြင့်ချိတ်ဆက်ထားမှုများကြောင့် တစ်ကမ္ဘာလုံးနီးပါးသို့ ဖုန်းခေါ်ဆိုနိုင်ပြီး ဒီတူညီတဲ့ ချိတ်ဆက်မှုတွေကပဲ မိတ်ဆွေ၏ နိုင်ငံရပ်ခြားမှာရှိတဲ့ မိသားစု၊သူငယ်ချင်းများ နှင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေဆီက ဖုန်းခေါ်မှုတွေကို လက်ခံနိုင်ပါပြီ။
နိုင်ငံတကာ မိုဘိုင်းဖုန်းများသို့ခေါ်ဆိုလိုပါက 00 သို့မဟုတ် + ရိုက်ထည့်ပါ။ ထို့နောက် ထိုနိုင်ငံ၏ ကုဒ်နံပါတ် ကို ရိုက်ထည့်ပါ။ ပြီးလျင် ရှေ့ဆုံးမှ သုံည မပါဘဲ မိတ်ဆွေခေါ်ဆိုလိုသည့် မိုဘိုင်းဖုန်းနံပါတ် ကို ရိုက်ထည့်ပါ။
ဥပမာ - 00-95-997000234 ( မြန်မာပြည်တွင်း အူရီဒူး မိုဘိုင်းဖုန်းများသို့ခေါ်လျင်)
နိုင်ငံတကာ လိုင်းဖုန်းများသို့ခေါ်ဆိုလိုပါက 00 သို့မဟုတ် + ရိုက်ထည့်ပါ။ ထို့နောက် ထိုနိုင်ငံ၏ ကုဒ်နံပါတ် ကို ရိုက်ထည့်ပါ။ ပြီးလျင် ရှေ့ဆုံးမှ သုံည မပါဘဲ နယ်မြေဒေသ ၏ ကုဒ်နံပါတ်ကိုရိုက်ထည့်ပါ။ နောက်ဆုံးတွင်မိတ်ဆွေခေါ်ဆိုလိုသည့် လိုင်းဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။
ဥပမာ- 00-95-1-654909 (မြန်မာပြည်တွင်း လိုင်းဖုန်းများသို့ခေါ်လျင်)
နိုင်ငံတကာသို့ စာတိုပို့ခြင်း
ဃခု Ooredoo ဖြင့် ကမ္ဘာအနှံ့ရှိ မိုဘိုင်းကွန်ရက်အများစုသို့ စာတိုများကို ပေးပို့/လက်ခံ နိုင်ပါပြီ။
နိုင်ငံတကာ မိုဘိုင်းဖုန်းများသို့ SMS (စာတို မက်ဆေ့ခ်ျ)များပေးပို့ရန် မိတ်ဆွေ ပို့လိုသည့်နံပါတ်ရှေ့တွင် 00 (သို့မဟုတ်) + ရိုက်ထည့်ပါ။ ထို့နောက် ရှေ့ဆုံးမှ သုံည မပါဘဲ မိတ်ဆွေခေါ်ဆိုလိုသည့် မိုဘိုင်းဖုန်းနံပါတ် ကို ရိုက်ထည့်ပါ။
ဥပမာ - 00-95-997000234
* တစ်မိနစ်ကျသင့်ငွေ(ကျပ်) N/A = လက်ရှိမှာ ဒီတိုင်းပြည်နဲ့ သဘောတူညီမှု မရှိသေးပါ။ သို့သော် အမြဲ သဘောတူညီမှုသစ်တွေတင်ပေးနေတာမို့ မကြာမီမှာ ပြန်လည်စစ်ကြည့်နိုင်ပါတယ်။
ဈေးနှုန်းများအားလုံးသည် ကုန်သွယ်လုပ်ငန်းခွန်နှင့် ကျပ်ပြည့်တွက်ချက်မှုများပါဝင်ခြင်းမရှိပါ။
နိုင်ငံအားလုံးပြရန်
နိုင်ငံအားလုံးဖွက်ရန်
လက်ရှိဦးဆောင်ရေပန်းစားကဏ္ဍ
ရေပန်းစားကဏ္ဍ
Ooredoo မြန်မာ၏နောက်ဆုံးရသတင်းများ။
ဝေမျှလို့ကျေးဇူးပါ။ ကိုယ်တိုင်ရေးစာတို အောင်မြင်စွာ ဝေမျှပြီးပါပြီ။
နောက်ဆုံးပေါ် အရောင်းမြှင့်တင်မှုများ၊ မိုဘိုင်းပစ္စည်းများနဲ့ သတင်းများနဲ့ မျက်ချေမပြတ်ရှိရအောင်။
Ooredoo မြန်မာ၇ဲ့သတင်းထုတ်ပြန်ချက်များအတွက် စာရင်းသွင်းတဲ့အတွက် ကျေးဇူးပါ။ စာရင်းသွင်းမှု အောင်မြင်ပါတယ်။