ပြည်ပခရီးမထွက်မီ အောက်ဖော်ပြပါအတိုင်း အလွယ်တကူပြင်ဆင်လိုက်ရုံနှင့် အူရီဒူးဖြင့် ဖုန်းအဆက်အသွယ်ပြုလုပ်နိုင်မည်ဖြစ်သည်။
၁။ မြန်မာနိုင်ငံမှ မထွက်ခွာမီ
ပြည်ပခရီးမထွက်ခွာမီ မိမိသွားရောက်မည့်နိုင်ငံတွင် အူရီဒူးအသုံးပြုနိုင်မှုရှိမရှိကို ဦးစွာစစ်ဆေးပါ။ ပြည်ပခရီးထွက်သည့်အခါ အောက်ပါကိစ္စရပ်တို့ကို သတိပြုပါ။
သို့သော် နည်းပညာပိုင်းဆိုင်ရာအရ ကွန်ရက်အမျိုးမျိုးရှိမည်ဖြစ်ပြီး (2G/GSM, 3G/UMTS နှင့် 4G/LTE စသည်ဖြင့်) နည်းပညာတစ်ခုချင်းစီအလိုက် လိုင်းကွဲသွားမည်ဖြစ်သည်။
၂။ ပြည်ပ၌ ရှိနေစဉ်
ပြည်ပရောက်စဉ် ဖုန်းခေါ်ဆိုလိုပါက နိုင်ငံတကာသုံးသင်္ကေတကို အသုံးပြုရမည်ဖြစ်သည်။ ဥပမာ - မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆိုလိုပါက မိမိခေါ်ဆိုလိုသောဖုန်းနံပါတ်၏ရှေ့တွင် ဧရိယာသင်္ကေတ 0 ကို ဖယ်၍ +95 ကို ထည့်ရမည်ဖြစ်သည်။ ဥပမာ - သုံးစွဲသူဝန်ဆောင်မှုဌာနသို့ ဖုန်းပြန်လည်ခေါ်ဆိုလိုပါက +959 970000234 ကိုနှိပ်၍ ခေါ်ဆိုနိုင်မည်ဖြစ်သည်။
ပြည်ပရောက်စဉ် ဖုန်းခေါ်ဆိုပါက သိထားရမည့်အချက်များ
မှတ်သားထားသင့်သည့်နံပါတ်များ
အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းအားဖြင့် မိမိရောက်ရှိရာတိုင်းပြည်ရှိကွန်ရက်နှင့် အလွယ်တကူချိတ်ဆက်နိုင်မည်ဖြစ်သည် • မိမိ၏လက်ကိုင်ဖုန်းကို ပါဝါဖွင့်ပါ • စက်မှ အလိုအလျောက်အရဖြစ်စေ၊ မိမိကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ ကွန်ရက်တွင်း စာရင်းသွင်းနိုင်မည်ဖြစ်သည် • အလိုအလျောက်စာရင်းသွင်းစေလိုပါက ဖုန်းပါဝါဖွင့်လိုက်ရုံဖြင့် မိမိရောက်ရှိရာတိုင်းပြည်တွင်း၏ ကွန်ရက်စာရင်းအတွင်းရှိ အဆင်ပြေသည့်ကွန်ရက်တစ်ခုနှင့် အလိုအလျောက်ချိတ်ဆက်ပေးသွားမည်ဖြစ်သည် • မိမိကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်လိုပါက ‘Network Selection’ ထံသွား၍ ‘Manually’ ကို ရွေးချယ်ပါ။ မိမိလက်ကိုင်ဖုန်းတွင် ရရှိနိုင်မည့်ကွန်ရက်စာရင်းကို မြင်နိုင်မည်ဖြစ်သည်။ ဆက်လက်၍ မိမိအလိုရှိရာကွန်ရက်ကို ရွေးချယ်နိုင်မည်ဖြစ်သ
* = တစ်မိနစ် / တစ်မီဂါဘိုက် အတွက်ကျသင့်ငွေ (ကျပ်) #NA = ပြည်ပရောက်စဉ် အသုံးပြုမှုအတွက် ဖော်ပြပါတိုင်းပြည်နှင့် လက်ရှိအားဖြင့် သဘောတူညီမှု မရရှိသေးသော်ငြား ရနိုင်လျှင်ရနိုင်သလို မပြတ်တမ်းေ ဖ်ာပြနေသည်ဖြစ်၍ ယခုဖော်ပြပါ စာရင်းသို့ မကြာမီ ပြန်လည် ၀င်ရောက်ကြည့်ရှုစေချင်ပါသည်။
ယခုဖော်ပြပါနှုန်းထားများအနေဖြင့် ပြည်ပရောက်စဉ် မိမိတို့ချိတ်ဆက်ရာကွန်ရက်၏ ဈေးနှုန်းအပြောင်းအလဲ သို့မဟုတ် ငွေဈေးအတက်အကျအရ အချိန်မရွေး အပြောင်းအလဲရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံ ပြင်ပ သို့ ရောက်စဉ် Customer Care +၉၅ ၉၉၇၀၀၀၀၂၃၄ သို့ ဖုန်းခေါ်ဆို ပါက ရောက်ရှိနေသော နိုင်ငံ၏ “မြန်မာနိုင်ငံ သို့ ဖုန်းခေါ်ဆိုခ” အတိုင်း ကျသင့်မည် ဖြစ်ပါသည်။
နိုင်ငံအားလုံးပြရန်
* တစ်မိနစ်ကျသင့်ငွေ(ကျပ်) N/A = လက်ရှိမှာ ဒီတိုင်းပြည်နဲ့ roaming သဘောတူညီမှု မရှိသေးပါ။ သို့သော် အမြဲ သဘောတူညီမှုသစ်တွေတင်ပေးနေတာမို့ မကြာမီမှာ ပြန်လည်စစ်ကြည့်နိုင်ပါတယ်။
နိုင်ငံအားလုံးဖွက်ရန်
လက်ရှိဦးဆောင်ရေပန်းစားကဏ္ဍ
ရေပန်းစားကဏ္ဍ
Ooredoo မြန်မာ၏နောက်ဆုံးရသတင်းများ။
ဝေမျှလို့ကျေးဇူးပါ။ ကိုယ်တိုင်ရေးစာတို အောင်မြင်စွာ ဝေမျှပြီးပါပြီ။
နောက်ဆုံးပေါ် အရောင်းမြှင့်တင်မှုများ၊ မိုဘိုင်းပစ္စည်းများနဲ့ သတင်းများနဲ့ မျက်ချေမပြတ်ရှိရအောင်။
Ooredoo မြန်မာ၇ဲ့သတင်းထုတ်ပြန်ချက်များအတွက် စာရင်းသွင်းတဲ့အတွက် ကျေးဇူးပါ။ စာရင်းသွင်းမှု အောင်မြင်ပါတယ်။