အူရီဒူးရဲ့ လိုင်းဆွဲအားကောင်းသော 4G ကွန်ရက်ကို ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၂၀၀ကို အောင်မြင်စွာဖြင့် ကွန်ရက်ဖြန့်ကြက်ပြီး ၀န်ဆောင်မှုပေးအပ်နိုင်ပြီဖြစ်သည့်အတွက် မြန်ဆန်တဲ့အင်တာနက်ကို လူဦးရေ ၁၅ သန်း ခန့် သုံးစွဲနိုင်ပြီဖြစ်ပါသည်။
အူရီဒူးမှ 10MHz လှိုင်းစဉ်အတွက် ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံထားသည့်အတွက် သုံးစွဲသူမိတ်ဆွေများ ပိုမိုကောင်းမွန်သာလွန်တဲ့ 4G Plus အင်တာနက်ကိုသုံးစွဲနိုင်မှာဖြစ်ပါသည်။
အူရီဒူး၏ 4G Plus ကွန်ရက် ဖြန့်ကြက်လွှမ်းခြုံထားသော မြို့နယ်များ
မေးလေ့ရှိသောမေးခွန်းများ
မေးခွန်း ၁ - 4G ဆိုသည်မှာ အဘယ်နည်း။
4G ဆိုတာ “Fourth Generation of cellular communications” ၏ အတိုကောက်စာလုံး ဖြစ်ပြီး အင်တာနက် အသုံးပြုရာတွင် 3G ထက်ပို၍ မြန်ဆန်ပါတယ်။ မြန်နှုန်းမြင့်လာသည် ဖြစ်တာကြောင့် ဝက်ဘ်ဆိုက်များ ကြည့်ရာတွင်၎င်း၊ ဗီဒီယိုဖုန်း ခေါ်ဆိုရာတွင်၎င်း၊ အရည်အသွေးမြင့် HD ဗီဒီယိုရုပ်သံများ ကြည့်ရာတွင်၎င်း၊ နောက်ဆုံးပေါ် ဂိမ်းအသစ်များ ကစားရာတွင်၎င်း၊ ဆာဗာအသီးသီးနှင့် ချိတ်ဆက်ရာတွင်၎င်း အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။ အင်တာနက် အမြန်နှုန်းဟာ အချက်အလက်များစွာအပေါ် မူတည်သည်ဖြစ်ရာ နိုင်ငံတော်အစိုးရမှ ချထားပေးသည့် လှိုင်းစဉ်ပမာဏကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
မေးခွန်း ၂ - ယခုလို SMS ပို့ရသည့် အကြောင်းရင်းကို ဖော်ပြပါ။ 4G သုံးလို့ရပြီလား။
ကွန်ရက်ကိစ္စကို အူရီဒူးက အပြီးသတ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ 4G ကို မေလမှစ၍ ၀န်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ၀မ်းမြောက်စွာ အသိပေးအပ်ပါတယ် ။ မိမိတို့ဒေသမှာ 4G သုံးနိုင်မည့် အချိန်နှင့် ပတ်သက်၍ ဆက်လက် အသိပေးသွားမည် ဖြစ်ပါတယ်။
မေးခွန်း ၃ - 4G ဘယ်တော့ စသုံးလို့ရမလဲ သိပါရစေ။
4G အသုံးပြုနိုင်မည့်အချိန်ကို Ooredoo Website, Facebook Page နှင့် Twitter တို့မှာ ထုတ်ပြန်ကြေညာ ပေးသွားမှာဖြစ်လို့ အဆက်အသွယ်မပြတ် စောင့်ကြည့်ပေးပါ ။ 4G ၀န်ဆောင်မှု စတင်မိတ်ဆက်ခြင်းနှင့် ပတ်သက်ပြီး ယခုလို စိတ်ဝင်တစား မေးမြန်း သည့်အတွက် ကျေးဇူးတင်ပါတယ်။
မေးခွန်း ၄ - 4G အသုံးပြု နေနိုင်ပြီ ဖြစ်သည့် နေရာဒေသတို့ကို ဖော်ပြပါ။
ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် စတင် အသုံးပြုနိုင်ပါမယ်။ မြန်မာနိုင်ငံတော်အစိုးရထံမှ ခွင့်ပြုချက် ရသည့်အပေါ် မူတည်၍ နိုင်ငံအနှံ့ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် ချဲ့ထွင်သွားမှာဖြစ်ပါတယ်
မေးခွန်း ၅ - မိမိဒေသတွင် 4G အသုံးပြုနိုင်/မပြုနိုင်ကို မည်သည့်နည်းဖြင့် သိနိုင်မည်နည်း။
မိမိတို့ ဒေသတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေး SMS ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။ ထို့ပြင် www.ooredoo.com.mm သို့မဟုတ် Ooredoo Myanmar Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်မည်။ သုံးစွဲသူများအား 4G ရရှိမည့် မြို့နယ်များနှင့် ဒေသများကို အသိပေးသွားမှာ ဖြစ်ပါတယ်။
မေးခွန်း ၆ - အူရီဒူးသုံးစွဲနေသူ တစ်ဦးအနေဖြင့် 4G အသုံးပြုရန် ဆင်းမ်ကတ်အသစ် ထပ်ဝယ်စရာ လိုပါသလား။
ဆင်းမ်ကတ်အသစ် ထပ်ဝယ်စရာ မလိုပါ။ လက်ရှိ ဆင်းမ်ကတ်ဖြင့်ပင် 4G အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်အနေဖြင့် နဂိုမူလကပင် 4G အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်၍ ဆင်းမ်ကတ် လဲထည့်စရာလည်း လိုမည်မဟုတ်ပါ။ သို့သော် မိမိတို့၏ 4G ဟန်းဆက်တွင် 4G ဆက်တင်အဖြစ် ပြောင်းပေးထားရန်သာ လိုအပ်မည် ဖြစ်ပါတယ်။
မေးခွန်း ၇ - ဟန်းဆက်မရွေး အသုံးပြုလို့ ရ/မရ။
4G ဟန်းဆက်များဖြင့်သာ 4G အသုံးပြုနိုင်မည် ဖြစ်ပါတယ်။
မေးခွန်း ၈ - မိမိဟန်းဆက်နဲ့ 4G သုံးလို့ ရ/မရ ဘယ်လိုသိနိုင်မလဲ ။
မိမိဟန်းဆက်နဲ့ 4G သုံးလို့ ရ/မရ ကို အူရီဒူးအနေနဲ့ လွယ်လွယ်ကူကူ သိနိုင်အောင် ကူညီပေးမှာပါ။ ပထမဆုံးအနေနဲ့ 4G အသုံးပြုလို့ရတဲ့ ဖုန်းတွေကို မက်ဆေ့ခ်ျပေးပို့ အကြောင်းကြား ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် *414# ကိုခေါ်ဆို၍လည်း ကိုယ်တိုင်အလွယ်တကူစစ်ဆေးနိုင်ပြီး သုံးစွဲနိုင်ခြင်းရှိမရှိကို SMS ပေးပို့ပေးသွားမှာပါ။ 4G သုံးလို့ရတဲ့ ဖုန်းလိုချင်လျှင်တော့ အူရီဒူးအရောင်းဆိုင်တွေမှာ 4G ၀န်ဆောင်ပေးတဲ့ ဖုန်းအမျိုးအစားပေါင်း များစွာကို ဈေးနှုန်းအသီးသီးနဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။
မေးခွန်း ၉ - မိမိဖုန်းမှာ 4G ဘယ်လို အသုံးပြုနိုင်မလဲ။
ဖုန်း setting ထဲကိုဝင်ပြီး 4G/LTE ကို ဖွင့်လိုက်ရုံပါပဲ။
မေးခွန်း ၁၀ - 3G နဲ့ 4G အသုံးစရိတ်ကို ဘယ်လို စီမံနိုင်မလဲ။
အူရီဒူးအနေနဲ့ သုံးစွဲသူတွေ ဈေးသက်သက်သာသာနဲ့ MB တွေ ပိုမို အသုံးပြုနိုင်မယ့် အစီအစဉ်ကောင်းတွေ အများကြီးရှိပါတယ်။ *140# ကိုခေါ်ယူ ကြည့်ရှုနိုင်ပါတယ်။ 3G နဲ့ 4G အသုံးအတွက် ဈေးနှုန်းအပြောင်းအလဲ ရှိမှာမဟုတ်ပါဘူး။
မေးခွန်း ၁၁ - မြန်မာနိုင်ငံမှာ Ooredoo 4G က အကောင်းဆုံးလား။
အူရီဒူးမှာ အဆင့်အမြင့်ဆုံး 3G ကွန်ရက်ရှိနေပါတယ်။ 4G ကွန်ရက်မှာလည်း ပိုမိုကောင်းမွန်တဲ့ ထိပ်တန်းအရည်အသွေး ရှိပါတယ်။ ထပ်မံ အဆင့်မြှင့်တင်လိုက်တဲ့ မြန်နှုန်းမြင့် ၀န်ဆောင်မှုကြောင့် ဝက်ဘ်ဆိုက်များ ကြည့်ရာတွင်၎င်း၊ ဗီဒီယိုဖုန်း ခေါ်ဆိုရာတွင်၎င်း၊ အရည်အသွေးမြင့် HD ဗီဒီယိုရုပ်သံများ ကြည့်ရာတွင်၎င်း၊ နောက်ဆုံးပေါ် ဂိမ်းအသစ်များကစားရာမှာ၎င်း ဆာဗာအသီးသီးနှင့် ချိတ်ဆက်ရာမှာ၎င်း ယခင်ထက်ပိုပြီး အဆင်ပြေစေမှာ ဖြစ်ပါတယ်။
မေးခွန်း ၁၂ - ပြည်ပရောက်စဉ်အတွင်း 4G ၀န်ဆောင်မှု အသုံးပြုလို့ ရနိုင်မလား။
အူရီဒူးဝဘ်ဆိုဒ်မှာ ပြည်ပရောက်စဉ်အတွင်း 4G ကွန်ရက်အသုံးပြုနိုင်မယ့် နိုင်ငံစာရင်း အပြည့်အစုံ တင်ပေးထားလို့ ကြည့်ရှုနိုင်ပါတယ်။
မေးခွန်း ၁၃ - ဘာလို့ 4G ကို အသုံးပြုသင့်တာလဲ။
ထပ်မံအဆင့်မြှင့်တင်လိုက်တဲ့ မြန်နှုန်းမြင့်ဝန်ဆောင်မှုကြောင့် ဝက်ဘ်ဆိုက်များကြည့်ရာတွင်၎င်း၊ ဗီဒီယိုဖုန်းခေါ်ဆိုရာတွင်၎င်း၊ အရည်အသွေးမြင့် HD ဗီဒီယိုရုပ်သံများ ကြည့်ရာတွင်၎င်း၊ နောက်ဆုံးပေါ် ဂိမ်းအသစ်များကစားရာမှာ၎င်း ဆာဗာအသီးသီးနှင့် ချိတ်ဆက်လုပ်ကိုင်ရာမှာ၎င်း ယခင်ထက်ပိုပြီး မြန်ဆန်ကာ အသုံးပြုရတာ ပိုမိုအဆင်ပြေ ချောမွေ့စေမှာ ဖြစ်ပါတယ်။
မေးခွန်း ၁၄ - 4G အသုံးပြုခ ဘယ်လောက်ရှိမလဲ။ 4G ၀န်ဆောင်မှု အသုံးပြုဖို့ ဘာတွေပေးဖို့ လိုမလဲ။
4G အသုံးပြုခကလည်း 3G နဲ့ အတူတူပါပဲ။ အူရီဒူးရဲ့ အင်တာနက် အစီအစဉ်တွေက တူညီတဲ့ ခံစားခွင့်ကို 4G အမြန်နှုန်းနဲ့ ရရှိစေမှာ ဖြစ်ပါတယ်။
မေးခွန်း ၁၅ - အရှေ့တောင်အာရှ ဒေသအတွင်း ဘယ်အိမ်နီးချင်း နိုင်ငံတွေက 4G နည်းပညာကို သုံးနေကြပြီလဲ။
စင်ကာပူ၊ ထိုင်းနဲ့ မလေးရှားတို့က 4G ကွန်ရက် ရရှိနေပြီးဖြစ်၍၊ နိုင်ငံသားအများစုမှာ 4G ဝန်ဆောင်မှုများကို အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက နည်းပညာအသစ်ကို လျင်လျင်မြန်မြန်ုနဲ့ လိုက်လျောညီထွေ ပြောင်းလဲ ရရယူနိုင်ခဲ့ပြီး၊ အူရီဒူးက မြန်မာနိုင်ငံအတွက် 4G နည်းပညာကို ပထမဆုံး ဆောင်ကျဉ်းပေးနိုင်တဲ့ ဆက်သွယ်ရေး လုပ်ငန်းအဖြစ် တောက်ပကောင်းမွန်သော အနာဂတ်နဲ့ ချိတ်ဆက်ပေးနိုင်ခဲ့လို့ ဂှုဏ်ယူပါတယ်။
မေးခွန်း ၁၆ - 4G က 3G ထက် ဘာတွေသာသလဲ။
မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းများအတွက် နောက်ဆုံးပေါ် နည်းပညာ ဖြစ်သည့်အလျောက် Ooredoo 4G Plus ဝန်ဆောင်မှုဟာဆိုရင် စစ်မှန်တဲ့ မိုဘိုင်း (ကြိုးမဲ့) Broadband အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။ အူရီဒူး 4G Plus က ပုံမှန် 3G ထက် ပိုမိုမြန်ဆန်တဲ့နှုန်းကို ပေးစွမ်းနိုင်မှာဖြစ်ပြီး၊ မြန်နှုန်းမြင့် ၀န်ဆောင်မှုတွေနဲ့ အက်ပလီကေးရှင်းတွေအတွက် သင့်လျော်မှာ ဖြစ်ပါတယ်။
လက်ရှိဦးဆောင်ရေပန်းစားကဏ္ဍ
ရေပန်းစားကဏ္ဍ
Ooredoo မြန်မာ၏နောက်ဆုံးရသတင်းများ။
ဝေမျှလို့ကျေးဇူးပါ။ ကိုယ်တိုင်ရေးစာတို အောင်မြင်စွာ ဝေမျှပြီးပါပြီ။
နောက်ဆုံးပေါ် အရောင်းမြှင့်တင်မှုများ၊ မိုဘိုင်းပစ္စည်းများနဲ့ သတင်းများနဲ့ မျက်ချေမပြတ်ရှိရအောင်။
Ooredoo မြန်မာ၇ဲ့သတင်းထုတ်ပြန်ချက်များအတွက် စာရင်းသွင်းတဲ့အတွက် ကျေးဇူးပါ။ စာရင်းသွင်းမှု အောင်မြင်ပါတယ်။