• Ooredoo ရဲ့ အချိန်ပြည့် အထောက်အကူပြု ဂရုစိုက်မှုကို ရယူခံစားလိုက်ပါ။

မေးနေကျ မေးခွန်းများ။

ဤနေရာတွင်အများစု မေးလေ့ရှိသောမေးခွန်း နှင့်အဖြေများကို တွေ့နိုင်သည်။ထပ်မံသိရှိလိုသည်များအတွက်လည်း တွေဝေနေရန်မလိုဘဲ ဆက်သွယ်နိုင်ပါသည်။

မေးနေကျထိပ်တန်းမေးခွန်း၁၀။

  1. မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် (ဆင်းမ်ကဒ်ဝယ်ရန် မည်သည့်အထောက်အထားများ လိုအပ်ပါသနည်း။)

    အသက် ၁၂နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား(သို့) ယာဉ်မောင်းလိုင်စင်ရှိသူတိုင်း Ooredoo ဆင်းမ်ကဒ်များကို ဝယ်ယူနိုင်ပါသည်။ Ooredoo ကိုယ်စားလှယ်နှင့် အရောင်းဆိုင်တိုင်းတွင် ထိုကတ်များပြပြီးမှဝယ်ယူ၍ ရနိုင်မည်။

  2. နိုင်ငံခြားသားတစ်ဦးအနေဖြင့်(ဆင်းမ်ကဒ်ဝယ်ရန် မည်သည့်အထောက်အထားများ လိုအပ်ပါသနည်း။)

    အသက် ၁၂နှစ်ပြည့်ပြီး သက်တမ်းရှိ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မည်သည့် နိုင်ငံခြားသားမဆို Ooredoo ဆင်းမ်ကဒ်များကို ဝယ်ယူနိုင်ပါသည်။ Ooredoo ကိုယ်စားလှယ်နှင့် အရောင်းဆိုင်တိုင်းတွင် နိုင်ငံကူးလက်မှတ်နှင့် မြန်မာပြည်ဝင်ခွင့် ဗီဇာပြပြီးမှဝယ်ယူ၍ ရနိုင်မည်။

  3. အကူအညီလိုအပ်ပါက ၊သိရှိစရာများ၊ ကုန်ကျစရိတ်များ စုံစမ်းလိုပါက ဘယ်နံပါတ်ကို ခေါ်ရမှာလည်း

    Ooredoo ဆင်းမ်ကဒ်မှနေ၍ နံပါတ် ၂၃၄ သို့ အခမဲ့ ခေါ်ဆိုနိုင်ပါသည်။ Ooredoo contact centre သည် ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။ အခြားကွန်ရက်များမှ ခေါ်ဆိုလိုပါက +959970000234 သို့ ဆက်သွယ်ပါ။ ထိုသို့ ခေါ်ဆိုပါက ထိုကွန်ရက် အော်ပရေတာများ၏ သုံးစွဲခ ဖြတ်တောက်မှု ခံရပါမည်။

  4. အင်တာနက် အသုံးပြုရန် လျှောက်ထားရန် လိုအပ်ပါသလား။

    မလိုပါ။ Ooredoo ဆင်းမ်ကဒ် အားလုံးတွင် အင်တာနက်သုံးခွင့် အလိုအလျောက် ပါပြီး ဖြစ်ပါသည်။

  5. Ooredoo ကွန်ရက်မှာ ဘယ်လို ဟန်းဆက်တွေနဲ့ သုံးရမှာလည်း။

    စမတ်ဖုန်း အများစုဟာ Ooredoo 3G ကွန်ယက်မှာ သုံးလို့ ရပါတယ်။ UMIT 900/2100 နဲ့ ချိတ်ဆက်လို့ မရတဲ့ ဖုန်းမော်ဒယ်ဟောင်းတွေနဲ့တော့ သုံးလို့ မရပါဘူး။ ချိတ်ဆက်သုံးစွဲလို့ ရမရ သိလိုပါက Contact Center နံပါတ် ၂၃၄ သို့ ဆက်၍ ဖြစ်စေ၊ Ooredoo အရောင်းကိုယ်စားလှယ်၊ ဆိုင်တစ်ဆိုင်သို့ သွား၍ ဖြစ်စေ စုံစမ်း နိုင်ပါသည်။

  6. Ooredoo ထောက်ခံထားသော မိုဘိုင်း စက်ပစ္စည်းများကို သိလိုပါသည်။

    Ooredoo မှ ထောက်ခံထားသော မိုဘိုင်းစက်ပစ္စည်း စာရင်း အပြည့်အစုံကို တစ်ဦးချင်း သက်ဆိုင်ရာ စာမျက်နှာရှိ စက်ပစ္စည်း ကဏ္ဍတွင် ကြည့်ရှု နိုင်ပါသည်။

  7. Ooredoo ဆင်းမ်ကဒ်နှင့် အခြား နိုင်ငံမှ သူများကို ဖုန်းခေါ်ခြင်း၊ စာတို (SMS) ပို့ခြင်း ပြုလုပ် နိုင်ပါသလား။

    ရပါသည်။ Ooredoo သည် IDD စနစ်ဖြင့် ဆောင်ရွက်သောကြောင့် မိတ်ဆွေ၏ ဆင်းမ်ကဒ်တွင် ယင်း ဝန်ဆောင်မှု အလိုအလျောက် ပါပြီး ဖြစ်ပါသည်။ တိုင်းပြည် အလိုက် ကန်ုကျမည့် နှုန်းထားများကို သိရှိလိုပါက Ooredoo ဝဘ်ဆိုဒ် ပါ နိုင်ငံတကာ Roaming စာမျက်နှာတွင် ကြည့်ပါ။

  8. Ooredoo ၏ 3G ဆင်းမ်ကဒ်တွေမှာ ဘယ်လို VAS တွေပါ သေးလဲ။

    Ooredoo 3G ဆင်းမ်ကဒ်များတွင် အလိုအလျောက် ပါပြီးသား ဝန်ဆောင်မှုများ ရှိပါသည်။ ဥပမာ ဖုန်းခေါ်ဆိုမှု ခေတ္တစောင့်စားစေခြင်း၊ လွတ်သွားသည့် ခေါ်ဆိုမှုများ အတွက် သတိပေးခြင်း၊ ဖုန်းပြန်ခေါ်ပေးရန် တောင်းဆိုခြင်း၊ ခေါ်ဆိုသည့် ဖုန်းနံပါတ် ဖော်ပြ ပေးခြင်း စသည်တို့ ဖြစ်ပါသည်။

  9. ငွေဖြည့်ကဒ်၊ ဘောက်ချာကို မသုံးရသေးပဲ ပျက်စီးယိုယွင်းနေတယ်။ ဘယ်လို လုပ်ရမလည်း။

    Contact Center နံပါတ် 234 ကို ဆက်ပြီး Ooredoo ၏ Champion တစ်ယောက်နှင့် ဆွေးနွေး တိုင်ပင်ပါ။

  10. နိုင်ငံခြား ရောက်နေစဉ် Ooredoo ဆင်းမ်ကဒ်ကို အသုံးပြု၍ ရနိုင်မလား။

    ရပါသည်။ သုံးစွဲ နိုင်သည့် နိုင်ငံနှင့် ကုန်ကျစရိတ်များ အသေးစိတ် သိရှိ လိုပါက Ooredoo website ၏ နိုင်ငံတကာ Roaming စာမျက်နှာတွင် ကြည့်နိုင်ပါသည်။


ကဏ္ဍများ

သင် အလွယ်တကူ ရှာဖွေနိုင်ရန် ကဏ္ဍများ ရွေးချယ်နိုင်ပါသည်။

menu

ဝေမျှရန်။

Ooredoo မြန်မာ၏နောက်ဆုံးရသတင်းများ။


သတင်းထုတ်ပြန်ချက်များအတွက် စာရင်းသွင်းရန်

နောက်ဆုံးပေါ် အရောင်းမြှင့်တင်မှုများ၊ မိုဘိုင်းပစ္စည်းများနဲ့ သတင်းများနဲ့ မျက်ချေမပြတ်ရှိရအောင်။