Facebook Plus မေးလေ့ရှိသောမေးခွန်းများ

နှစ်ရက်သုံး၊ အပတ်စဉ်သုံးနဲ့ လစဉ်သုံး Facebook Plus Package တွေရဲ့ သက်တမ်းကိုပြောပါ။

နှစ်ရက်သုံးအနေနဲ့ ဝယ်သုံးလိုက်တဲ့အချိန်မှ နောက်တစ်နေ့ ညသန်းခေါင်ယံအချိန်မှာ သက်တမ်းကုန်ပါမယ်။ အပတ်စဉ်သုံးအတွက်ကတော့ (၇) ရက်သက်တမ်းပါ။ လစဉ်သုံးဟာ ရက် (၃၀) သက်တမ်းပါ။

ဝယ်သုံးတဲ့အခါ ဘယ်နှကြိမ်ပဲဝယ်ခွင့်ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေ ရှိမရှိသိချင်တာပါ။

မရှိပါ၊ တစ်ခါတည်းနဲ့ ၉၉ ကြိမ်အထိ ဝယ်ယူသုံးစွဲနိုင်မှာပါ။

Facebook Plus Pack နှင့် Facebook, Viber, BeeTalk မှ မည်သည့် အစီအစဉ်များကို အသုံးပြုနိုင်မည်နည်း။

Facebook ခံစားခွင့်များကို Facebook နှင့် Facebook Messenger တို့ကို အသုံးပြုနိုင်မည်ဖြစ်သည်။ (VOIP၊ Video Call နှင့် GIF အသုံးပြုခြင်းများ ပါဝင်မည်မဟုတ်ပါ။)

Viber နှင့် Bee Talk ခံစားခွင့်များကို စာတို နှင့် စတစ်ကာ ပေးပို့ခြင်းရယူခြင်း Voice နှင့် Video ခေါ်ဆိုခြင်းများကို အသုံးပြုနိုင်မည်ဖြစ်သည်။ ( Location ပေးပို့ခြင်းများ ပါဝင်မည် မဟုတ်ပါ။

အခုပုံစံသစ်မှာ ကြိုသုံးနဲ့ဝယ်သုံးလို့ရမရ သိချင်တာပါ။

ရပါတယ်၊ ပင်မလက်ကျန်ငွေနဲ့ဝယ်တာပဲဖြစ်ဖြစ်၊ ကြိုသုံးငွေနဲ့ဝယ်တာပဲဖြစ်ဖြစ်ပါ။

အင်တာနက်အစီအစဉ် နှင့် New Facebook Plus Pack အစီအစဉ် နှစ်ခုကို တပြိုင်တည်း ၀ယ်ယူနိုင်ပါသလား။

ဝယ်ယူနိုင်ပါသည်။ Facebook, Viber, BeeTalk သုံးပါက လက်ရှိရှိနေသော Facebook Plus Pack ထဲမှဦးစွာ ဖြတ်မည်ဖြစ်ပါသည်။

Facebook Plus အစီအစဉ်နှင့် ညသုံးအင်တာနက် အစီအစဉ် နှစ်ခုကို တပြိုင်တည်း ၀ယ်ယူနိုင်ပါသလား။

ဝယ်ယူနိုင်ပါသည်။ ည၁၁နာရီမှ နံနက်၇နာရီအတွင်း အင်တာနက် အသုံးပြုပါက ယခုလက်ရှိရှိနေသော ညသုံးအင်တာနက် အစီအစဉ်မှ ဦးစွာဖြတ်မည်ဖြစ်ပါသည်။

Facebook Plus စီအစဉ်များကို မိတ်ဆွေနှင့်သူငယ်ချင်းများကို လက်ဆောင်ပို့ချင်ပါက မည်သို့ပို့နိုင်မည်နည်း။

လွယ်ကူစွာပို့ နိုင်ပါသည်။ *442# ကိုခေါ်ဆိုပြီး ညွှန်ကြားချက် အတိုင်းလုပ်ဆောင်နိုင်ပါသည်။

အင်တာနက်အစီအစဉ်များသည် အင်တာနက် အသုံးပြုမှုအားလုံးအတွက် အကျုံးဝင်ပါသလား။(Youtube, Instagram , ဒေါင်းလုတ်ဆွဲခြင်း ၊ သီချင်းများ streaming ကြည့်ခြင်း)

အကျုံးဝင်ပါသည်။ အင်တာနက်အစီအစဉ်များဖြင့် အင်တာနက် အသုံးပြုမှုအားလုံးကို အသုံးပြုနိုင်ပါသည်။

menu

ဝေမျှရန်။

Ooredoo မြန်မာ၏နောက်ဆုံးရသတင်းများ။


သတင်းထုတ်ပြန်ချက်များအတွက် စာရင်းသွင်းရန်

နောက်ဆုံးပေါ် အရောင်းမြှင့်တင်မှုများ၊ မိုဘိုင်းပစ္စည်းများနဲ့ သတင်းများနဲ့ မျက်ချေမပြတ်ရှိရအောင်။