• 2 days internet မေးလေ့ရှိသောမေးခွန်းများ

2 days internet မေးလေ့ရှိသောမေးခွန်းများ

၂ရက်သုံးအင်တာနက် အစီအစဉ်ရဲ့သက်တမ်းကိုပြောပါ။

ဝယ်သူသည့်နေ့မှ နောက်တစ်နေ့ည သန်းခေါင်ယံအချိန်တွင် သက်တမ်းကုန်မည်ဖြစ်သည်။

ဝယ်သုံးတဲ့အခါ ဘယ်နှကြိမ်ပဲဝယ်ခွင့်ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေ ရှိမရှိသိချင်တာပါ။

မရှိပါ၊ တစ်ခါတည်းနဲ့ ၉၉ ကြိမ်အထိ ဝယ်ယူသုံးစွဲနိုင်မှာပါ။

Package လိုက်ဝယ်သုံးထားတာတွေများနေတဲ့အခါ ဘယ် Package ထဲက အရင်ဖြတ်မှာလဲ ပြောပါ။

Package လိုက် ဝယ်သုံးလက်စတွေ/လက်ဆောင်အင်တာနက်တွေ တစ်ပြိုင်တည်းမှာအများကြီးရှိနေတဲ့အခါ အရင်ဆုံးသက်တမ်းကုန်မယ့် Package ထဲကနေ အရင်ဖြတ်သွားမှာပါ။

အခုပုံစံသစ်မှာ ကြိုသုံးနဲ့ဝယ်သုံးလို့ရမရ သိချင်တာပါ။

ရပါတယ်၊ ပင်မလက်ကျန်ငွေနဲ့ဝယ်တာပဲဖြစ်ဖြစ်၊ ကြိုသုံးငွေနဲ့ဝယ်တာပဲဖြစ်ဖြစ်ပါ။

အင်တာနက်အစီအစဉ် နှင့် New Facebook Plus Pack အစီအစဉ် နှစ်ခုကို တပြိုင်တည်း ၀ယ်ယူနိုင်ပါသလား။

ဝယ်ယူနိုင်ပါသည်။ Facebook သုံးပါက လက်ရှိရှိနေသော Facebook Plus Pack ထဲမှဦးစွာ ဖြတ်မည်ဖြစ်ပါသည်။

အင်တာနက်အစီအစဉ်နှင့် ညသုံးအင်တာနက် အစီအစဉ် နှစ်ခုကို တပြိုင်တည်း ၀ယ်ယူနိုင်ပါသလား။

ဝယ်ယူနိုင်ပါသည်။ ည၁၁နာရီမှ နံနက်၇နာရီအတွင်း အင်တာနက် အသုံးပြုပါက ယခုလက်ရှိရှိနေသော ညသုံးအင်တာနက် အစီအစဉ်မှ ဦးစွာဖြတ်မည်ဖြစ်ပါသည်။

အင်တာနက်အစီအစဉ်များကို မိတ်ဆွေနှင့်သူငယ်ချင်းများကို လက်ဆောင်ပို့ချင်ပါက မည်သို့ပို့နိုင်မည်နည်း။

လွယ်ကူစွာပို့ နိုင်ပါသည်။ *442# ကိုခေါ်ဆိုပြီး ညွှန်ကြားချက် အတိုင်းလုပ်ဆောင်နိုင်ပါသည်။

အင်တာနက်အစီအစဉ်များသည် အင်တာနက် အသုံးပြုမှုအားလုံးအတွက် အကျုံးဝင်ပါသလား။(Youtube, Instagram , ဒေါင်းလုတ်ဆွဲခြင်း ၊ သီချင်းများ streaming ကြည့်ခြင်း)

အကျုံးဝင်ပါသည်။ အင်တာနက်အစီအစဉ်များဖြင့် အင်တာနက် အသုံးပြုမှုအားလုံးကို အသုံးပြုနိုင်ပါသည်။

menu

ဝေမျှရန်။

Ooredoo မြန်မာ၏နောက်ဆုံးရသတင်းများ။


သတင်းထုတ်ပြန်ချက်များအတွက် စာရင်းသွင်းရန်

နောက်ဆုံးပေါ် အရောင်းမြှင့်တင်မှုများ၊ မိုဘိုင်းပစ္စည်းများနဲ့ သတင်းများနဲ့ မျက်ချေမပြတ်ရှိရအောင်။