• mJams အမေးများသော မေးခွန်းများ

mJams အမေးများသော မေးခွန်းများ

mJams ဆိုတာ ဘာလဲ

  • mJams ဆိုတာ လူကြိုက်အများဆုံး ပြည်တွင်းပြည်ပ အဆိုတော်များ၊ တေးအယ်ဘမ်များနဲ့ သီချင်းများကို စမတ်ဖုန်းအသုံးပြုပြီး အမြဲတမ်း နားဆင်နိုင်အောင် စီစဉ်ထားတဲ့ တေးဂီတဆိုင်ရာ အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။
  • mJams နဲ့ဆိုရင် မိမိ စိတ်ကြိုက်တေးသီချင်းများကို ရွေးချယ်နားဆင်နိုင်မှာဖြစ်သလို မိတ်ဆွေရဲ့ ကိုယ်ပိုင် တေးသီချင်းစာရင်း၊ Playlist တစ်ခုကိုလည်း ဖန်တီးထားနိုင်ပြီး စိတ်ကြိုက်တေးသီချင်းများကို Facebook မှတစ်ဆင့် သူငယ်ချင်းများနှင့်အတူလည်းမျှဝေ ခံစားနိုင်မှာပါ။ အူရီဒူးဆင်းမ်ကတ်သုံး စမတ်ဖုန်းတစ်လုံးနဲ့ mJams ကို ဒေါင်းလုတ်ရယူပြီး ယနေ့ပဲ ခံစားကြည့်လိုက်ပါ။

MJAMS ရဲ့ အဓိက စွမ်းဆောင်ရည်တွေက ဘာတွေလဲ။

Discover

  • mJam ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေထဲက တစ်ခုကတော့ မိတ်ဆွေအကြိုက်ဆုံး နိုင်ငံတကာအဆိုတော်များနှင့် ပြည်တွင်းမှ ရေပန်းအစားဆုံး တေးသံရှင်များကိုပါ ရှာဖွေချိတ်ဆက်နိုင်တဲ့ အသစ်ရှာဖွေခြင်း၊ Discover လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။
  • Discover ကို သုံးပြီး ရှာဖွေနိုင်တာတွေက
    • ရေပန်းစားတေးသီချင်းများ - လက်ရှိအချိန်မှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ သီချင်းများ
    • အသစ်ထွက်တေးသီချင်းများ - နောက်ဆုံးပေါ် အသစ်ထွက် သီချင်းများ
    • လူကြိုက်အများဆုံး တေးသီချင်းများ - mJams မှာ လူအများဆုံး နားဆင်ကြတဲ့ သီချင်းများ
    • လူကြိုက်အများဆုံး တေးအယ်ဘမ်များ - mJams မှာ လူအများဆုံး နားဆင်ကြတဲ့ သီချင်းAlbumများ
    • လူကြိုက်အများဆုံး playlist များ - mJams မှာ လူအများဆုံး နားဆင်ကြတဲ့ playlist များ
    • လူကြိုက်အများဆုံး အဆိုတော်များ - mJams မှာ လူအများဆုံး နားဆင်ကြတဲ့ အဆိုတော်များ

Discover ကဏ္ဍကို အပတ်စဉ် အသစ်တိုးချဲ့ဖြည့်သွင်းပြီး Update လုပ်နေတာကြောင့် ပြည်တွင်းပြည်ပ အနုပညာရှင်များရဲ့ လတ်တလော ရေပန်းစားနေတဲ့ တေးသီချင်းနှင့် အယ်ဘမ်များကို တစ်ရက်မှာ ၂၄ နာရီ၊ တစ်ပတ်မှာ ၇ ရက် အချိန်ပြည့် တိုက်ရိုက်ဖမ်းယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။

Jamming

  • Jamming ကို အသုံးပြုပြီး မိတ်ဆွေအကြိုက်ဆုံး ချယ်နယ်လိုင်းများကို မိတ်ဆွေရဲ့ ဖုန်းကနေပဲ တိုက်ရိုက်ရွေးယူနားဆင်နိုင်ပါတယ်။
  • Jamming ဟာ ပုံမှန်ရေဒီယို အသံလွှင့်ဌာနတစ်ခုလို အလုပ်လုပ်ပါတယ်။ ပြည်တွင်းပြည်ပ အနုပညာရှင်တွေရဲ့ အကောင်းဆုံးတေးသီချင်းတွေကို အပြတ်အတောက်မရှိ ဖမ်းယူနားဆင်နိုင်ပါတယ်။
  • နားဆင်ချင်တဲ့ အသံလွှင့်ဌာနကို စိတ်ကြိုက်ရွေးချယ်ပြီး Play ခလုတ်ကို နှိပ်ပါ။ Jamming မှာ Pop ၊ RnB ၊ Workout ၊ Party စသဖြင့် ချယ်နယ်လိုင်းတွေ အမျိုးမျိုးခွဲထားပြီး ကိုယ့်နိုင်ငံတွင်းက သီချင်းတွေအတွက်ပါ ဂီတအမျိုးအစား ခွဲခြားထားပြီးသား ဖြစ်ပါတယ်။
  • အိပ်ရာကနေ တေးသီချင်းလေးတွေနဲ့ နိုးထမလား ၊ ကျန်းမာရေး လေ့ကျင့်ခန်းတွေပြုလုပ်နေချိန်မှာ မြူးမြူးကြွကြွ တေးသီးချင်းလေးတွေနားထောင်မလား၊ ခံစားချက်အပြည့်နဲ့ က မလား ဒါမှမဟုတ် ရေပန်းစားနေတဲ့ အမိုက်စား သီချင်းတွေ နားထောင်မလား ၊ Jamming မှာ စိတ်ခံစားချက်အမျိုးမျိုးနဲ့ လိုက်လျောညီထွေ ရှိမယ့် သီချင်းအမျိုးအစားတွေ စုံလင်စွာ ပါရှိပါတယ်။

Music Player

  • mJams မှာ ပါဝင်တဲ့ Music Player က မိတ်ဆွေကို အတွေ့အကြုံအသစ်အဆန်းတွေ ရရှိခံစားစေမယ့် အပြင် အလွယ်တကူ အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်အသစ်တွေ ပါဝင်ပါတယ်။
  • ‘Like’ and ‘ Share’ လို့ ခေါ်တဲ့ လုပ်ဆောင်ချက် ကို သုံးပြီး မိတ်ဆွေရဲ့ mJams အသုံးပြုမှု အတွေ့အကြုံတွေကို Facebook ပေါ်က သူငယ်ချင်းတွေနဲ့ မျှဝေရင်း သင့်အကြိုက်တွေကို ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။
  • Screen ဘယ်ဘက်ကို လက်နဲ့ တွန်းရွှေ့ swipe လုပ်ပြီး Dynamic Lyric ဆိုတဲ့ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကနေ သီချင်းစာသားတွေကို ရှာဖွေလို့ ရတဲ့အတွက် ကိုယ်ကြိုက်တဲ့ သီချင်းတွေကို နားထောင်ရင်း အတူ လိုက်ဆိုလို့ ရတာပေါ့။
  • အလွယ်တကူ အသုံးပြုနိုင်တဲ့ button တွေကို သုံးပြီး သီချင်းတွေကို playlist ထဲ ပေါင်းထည့်တာတွေ၊ ကြိုက်တဲ့ သီချင်းအဖြစ် သတ်မှတ်တာတွေ၊ shuffle (အစီအစဉ်အတိုင်းမဟုတ်ဘဲနားဆင်ရန်) လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ Bruno Mars ရဲ့ နောက်ဆုံးထွက်တဲ့ သီချင်းကို ကြိုက်လား။ အဲဒီသီချင်းကို repeat လုပ်ထားပြီး အဲဒီ လုပ်ဆောင်ချက်ကို ပြန်မဖြုတ်မချင်း ကြိုက်သလောက် နားထောင်လို့ ရပါတယ်။ အဲဒီ သီချင်းကို Playlist မှာ ပေါင်းထည့်ပြီး Facebook ပေါ်က သူငယ်ချင်းမိတ်ဆွေတွေနဲ့ မျှဝေခံစားလို့လည်း ရသေးတယ်။ အသုံးပြုရတာ အဲဒီလောက်ထိ လွယ်ကူပါတယ်။
  • Fun Tone အဖြစ်ဝယ်ယူရန် - မိတ်ဆွေကြိုက်နှစ်သက်တဲ့ သီချင်းကို နားဆင်ခံစားနေချိန်တွင် အဲဒီတေးသီချင်းကို မိမိ ဖုန်းရဲ့ Fun Tone အဖြစ်ထားချင်တယ်ဆိုရင် နားထောင်နေသည့်သီချင်း၏ဖုန်းမျက်နှာပြင်တွင်ပါရှိသည့် ဖုန်းနှင့်သံစဉ် ပုံလေးကိုနှိပ်ပြီးဝယ်ယူစာရင်းသွင်းနိုင်ပါတယ်။ ထို့နောက် ၀ယ်ယူသည်ကိုအတည်ပြုပေးသည့် SMS တစ်စောင်ရရှိပါလိမ့်မည်။ ကျသင့်ငွေမှာ အူရီဒူးမှ ပုံမှန်ကောက်ခံသော FunTone ၀န်ဆောင်မှုနှုန်းထားအတိုင်းသာကျသင့်မည်ဖြစ်ပါသည်။
  • Shuffle mode မှာ ထားထားမယ်ဆိုရင်တော့ သီချင်းတွေကို အစီအစဉ်အတိုင်း ဖြစ်နေစရာမလိုဘဲ သီချင်းအမျိုးမျိုးကို ကြိုက်တဲ့အချိန်မှာ နားထောင်နိုင်ပါတယ်။

My Music

  • Playlist တွေက မိတ်ဆွေရဲ့ အကြိုက်ဆုံးသီချင်းတွေကို နားထောင်မယ့် စာရင်းပြုလုပ်ပေးမှာဖြစ်ပါတယ်။ အဆိုတော်အလိုက် ထွက်ရှိထားတဲ့ သီချင်းတွေ၊ တခြား ကြိုက်တဲ့ သီချင်းတွေကို စိတ်တိုင်းကျ စုစည်းထားစေနိုင်မှာ ဖြစ်ပါတယ်။
  • Favourite ဆိုတဲ့ လုပ်ဆောင်ချက်ကတော့ မိတ်ဆွေနားထောင်တဲ့ အထဲက သင့်စိတ်ကြိုက်သီချင်းတွေကို အကြိုက်ဆုံးစာရင်းထဲ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီလို ထည့်သွင်းလိုက်ခြင်းအားဖြင့် သင်ကြိုက်တဲ့ သီချင်းတွေကို “ Favourite Folder “ ထဲမှာ အချိန်မရွေး အလွယ်တကူ ပြန်လည်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

Dynamic Lyrics

  • Now Playing စာမျက်နှာမှာ ညာဘက်သို့ လက်နဲ့ပွတ်ဆွဲလိုက်ရုံနဲ့ သီချင်းစာသားတွေကို မြင်ရမှာဖြစ်ပါတယ်။ သင့်စိတ်ကြိုက်တေးသီချင်းကို စာသားအတိအကျ လိုက်ဆိုနိုင်မှာပါ။

Profile

  • mJams မှာ ကိုယ်ပိုင် profile တစ်ခု တည်ဆောက်ပါ။ mJams အသုံးပြုသူ တစ်ယောက်အနေနဲ့ မိမိရဲ့ အကြောင်းတွေကို ဖုန်းကနေ အသေးစိတ် ထည့်သွင်းရေးသားထားနိုင်ပါတယ်။ မိမိရဲ့ account setting ကို edit လုပ်ပြီး profile ဓာတ်ပုံ နဲ့ username ကို ဖြည့်သွင်းဖော်ပြတာတွေ ၊ အပြောင်းအလဲလုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။မိတ်ဆွေရဲ့ mJams သုံးစွဲမှု အတွေ့အကြုံတွေကို Facebook ကနေ တဆင့် မိသားစုဝင်တွေ ၊ မိတ်ဆွေတွေဆီ မျှဝေနိုင်ပါတယ်။

mJams ကို အူရီဒူးနဲ့ပဲ သုံးနိုင်တာ ဘာကြောင့်ပါလဲ။

အူရီဒူးဟာ မြန်မာနိုင်ငံမှာ အကောင်းဆုံး 3G နဲ့ 4G ကွန်ရက်ကို ပိုင်ဆိုင်ထားလို့ဖြစ်ပါတယ်။ တေးသီချင်းတွေကို တိုက်ရိုက်ဖမ်းယူနားဆင်တဲ့အခါ အင်တာနက်လိုင်းကိုရယူ အသုံးပြုရတာဖြစ်လို့ အင်တာနက်လိုင်း အမြန်ဆုံးမိုဘိုင်းအော်ပရေတာနဲ့သာ သင့်လျော်မှာ ဖြစ်ပါတယ်။

mJams ကို ဘယ်လို download ရယူနိုင်မလဲ

mJams ကို Apple App Store ဒါမှ မဟုတ် Google Play Store မှ ဒေါင်းလုတ် ရယူနိုင်ပါတယ်။

  • Apple App Store ကနေ download လုပ်မယ်ဆိုရင်
    • Apple App Store ကို သွားပါ။
    • ‘Download mJams’ ကို click နှိပ်ပါ။
    • mJams ကို သင့် စမတ်ဖုန်းထဲ တိုက်ရိုက် download ပြုလုပ်ရယူပါ။
  • Google Play Store ကနေ download လုပ်မယ်ဆိုရင်
    • Google Play Store ကို သွားပါ။
    • ‘mJams’ လို့ search box မှာ ရိုက်ထည့်ပြီး ရှာပါ
    • mJams ကို သင့် စမတ်ဖုန်းထဲ တိုက်ရိုက် download ပြုလုပ်ရယူပါ။

mJams ကို အသုံးပြုဖို့ အူရီဒူးနံပါတ်တစ်ခု ရှိဖို့ လိုအပ်ပါသလား။

  • အခုလက်ရှိအချိန်မှာတော့ mJams ကို အူရီဒူးအသုံးပြုသူတွေသာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သင့်မှာ အူရီဒူးဆင်းကတ် ရှိတဲ့ Andriod စမတ်ဖုန်းတစ်လုံးရှိနေမယ်ဆိုရင် ပထမဦးဆုံးလုပ်ရမှာက mJams ကို Ooredoo Zone ဒါမှမဟုတ် Google Play Store မှ ဒေါင်းလုတ်ရယူပါ။

ဘယ် mobile ဖုန်း စနစ်တွေမှာ mJams ကို သုံးလို့ ရမလဲ။

  • Andriod version 4.0 နဲ့ 4.0 အထက် Andriod ပစ္စည်းတွေမှာ mJams ကို သုံးလို့ရနိုင်သလို iOS version 7.0 နှင့် 7.0 အထက် Apple ပစ္စည်းတွင်လည်းအသုံးပြုနိုင်ပြီဖြစ်သည်။

mJams ကို ဘယ်လို သုံးရမလဲ။

  • အူရီဒူး မြန်မာဖုန်းနံပါတ်ကို ရိုက်ထည့်ရပါမယ်။
  • မှန်ကန်စနစ်ကျတဲ့ နည်းလမ်းနဲ့ mJams ကို subscribe (စာရင်သွင်း) ပြုလုပ်ထားရပါမယ်။ (mJams ကို ငွေပေးချေ အသုံးပြုနည်းနဲ့ ငွေဖြည့်သွင်းနည်းကို အောက်က ငွေဖြည့်သွင်းမှု အပိုင်းမှာ ဖော်ပြထားပါတယ်)
  • တေးသီချင်းရှာဖွေမှု ခရီးစဉ်ကို စတင်နိုင်ပါပြီ။

mJams ကို ဒေါင်းလုတ်ရယူဖို့ ဘယ်လောက်ကုန်ကျ နိုင်ပါသလဲ။

  •  mJams ကို အူရီဒူးဝက်ဆိုက်မှ အခမဲ့ တိုက်ရိုက် ဒေါင်းလုတ်ရယူနိုင်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ်မရှိသလို install ပြုလုပ်တဲ့ အခါမှာလည်း သင့် စမတ်ဖုန်းက အင်တာနက်သုံးစွဲခ မကုန်ကျပါ။
    • mJams ကို Google Play Store (သို့) Apple App Store မှ အခမဲ့ အခမဲ့ ဒေါင်းလုတ်ရယူနိုင်သော်လည်း အင်တာနက်သုံးစွဲခ ကျသင့်မှာဖြစ်ပါတယ်။ ( ဈေးကွက်တွင်း အသက်သာဆုံး အူရီဒူးအင်တာနက်နှုန်းများကို www.ooredoo.com.mm မှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်)

mJams ကို subscribe လုပ်ဖို့ ဘယ်လောက်ကုန်ကျမလဲ။

  • mJams ကို အူရီဒူးဝက်ဆိုက်မှ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ်မရှိသလို install ပြုလုပ်တဲ့ အခါမှာလည်း သင့် စမတ်ဖုန်းက အင်တာနက်သုံးစွဲခ မကုန်ကျပါ။
  • mJams ကိုစတင်အသုံးပြုသည့်အခါ နေ့ စဉ်သုံး သို့ မဟုတ် အပတ်စဉ်သုံး ဆိုပြီး ဦးစွာစာရင်းသွင်း ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
  • စာရင်းသွင်းပြီးနာက်တွင် ၇ ရက်စာအခမဲ့ အစမ်းအသုံးပြုခွင့်ကို ရရှိမှာဖြစ်ပါတယ်။
  • အပတ်စဉ် Premium subscription ကို တစ်ပတ်လျှင် ၆၃၀ ကျပ်တည်းနဲ့ အနုပညာရှင်များစွာ ရဲ့ တေးသီချင်းတွေနှင့် တေးအယ်လ်ဘမ်ပေါင်းများစွာကို ၇ ရက်လုံး စိတ်ကြိုက်ခံစားနားဆင်နိုင်မှာဖြစ်ပါတယ်။
  • နေ့စဉ် Premium subscription ကို နေ့စဉ် ၉၀ ကျပ်တည်းဖြင့် အနုပညာရှင်များစွာ ရဲ့ တေးသီချင်းများနှင့် တေးအယ်လ်ဘမ်ပေါင်းများစွာကို တစ်ရက်လုံး စိတ်ကြိုက်ခံစားနားဆင်နိုင်မှာဖြစ်ပါတယ်။

ဘာကြောင့် ၆၃၀ ကျပ် ပေးရပါသလဲ

  • mJams ၀န်ဆောင်မှုကို subscribe လုပ်ပြီး သီချင်းစာရင်းထဲကို ၀င်ရောက်ခွင့်ရယူဖို့အတွက် ၆၃၀ ကျပ် ပေးရတာဖြစ်ပါတယ်။ ၆၃၀ ကျပ်ပေးပြီးတာနဲ့ တစ်ပြိုင်နက် အင်တာနက်မှတဆင့် တေးသီချင်းများကို စတင်နားဆင်နိုင်မှာ ဖြစ်ပါတယ်။
  • ၆၃၀ကျပ်သည် အခွန်ငွေ ၅%ပါဝင်ပြီးဖြစ်ပါတယ်။

ဘာကြောင့် ၉၀ ကျပ် ပေးရပါသလဲ

  • mJams ၀န်ဆောင်မှုကို subscribe လုပ်ပြီး သီချင်းစာရင်းထဲကို ၀င်ရောက်ခွင့်ရယူဖို့အတွက် ၉၀ ကျပ် ပေးရတာဖြစ်ပါတယ်။ ၉၀ ကျပ်ပေးပြီးတာနဲ့ တစ်ပြိုင်နက် အင်တာနက်မှတဆင့် တေးသီချင်းများကို စတင်နားဆင်နိုင်မှာ ဖြစ်ပါတယ်။
  • ၉၀ကျပ်သည် အခွန်ငွေ ၅%ပါဝင်ပြီးဖြစ်ပါတယ်။

mJams ကို သုံးတဲ့အခါ အင်တာနက်အသုံးပြုခ ပေးရပါသလား

  • ပေးရပါတယ်။ သင့်ဖုန်းမှ သီချင်းတိုက်ရိုက်နားဆင်ရာမှာ အသုံးပြုတဲ့ အင်တာနက်အတွက် အင်တာနက်ဖိုး ကျသင့်မှာဖြစ်ပါတယ်။ သီချင်းနားဆင်ခြင်းဟာ ဗီဒီယိုကြည့်ရှုခြင်းထက် အင်တာနက်ဖိုးများစွာ သက်သာတဲ့အတွက် သီချင်းဗီဒီယိုတစ်ခု ကြည့်ရှုခြင်းထက် ကုန်ကျစာရိတ် များစွာသက်သာစေမှာ ဖြစ်ပါတယ်။

mJams ကို ၀ိုင်ဖိုင်နှင့် အသုံးပြုနိုင်ပါလား။

mJams ကို ၀ိုင်ဖိုင်ကွန်ရက်များနှင့်လည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ log-in စတင်ဝင်ရောက်တဲ့အခါမှာတော့ အူရီဒူးနံပါတ် ရှိဖို့ လိုအပ်ပါတယ်။

mJams အတွင်းသို့ အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်ပါသလား။

  • Application ကို စမတ်ဖုန်းမှာ ရှိထားပြီဆိုတာနဲ့ mJams အတွင်းသို့ အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်တဲ့အပြင် တစ်လမှာ သီချင်း ၅ ပုဒ် အခမဲ့ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

အခမဲ့သီချင်း ၅ ပုဒ်ကို ဘယ်လို ရယူနားဆင်နိုင်မလဲ။

  • Application ကို စမတ်ဖုန်းမှာ ရှိထားပြီဆိုတာနဲ့ mJams အတွင်းသို့ အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်တဲ့အပြင် တစ်လမှာ သီချင်း ၅ ပုဒ် အခမဲ့ နားဆင်နိုင်မှာ ဖြစ်ပါတယ်။
  • နိုင်ငံတကာနဲ့ ပြည်တွင်းအဆိုတော်တွေရဲ့ ရေပန်းအစားဆုံးသီချင်းတွေ၊ သီချင်း အယ်ဘမ်တွေကို ဆက်လက် နားဆင်နိုင်ဖို့အတွက်တော့ သင့် ‘Profile’ စာမျက်နှာက ‘Subscribe’ ခလုတ်ကို နှိပ်ပါ။

ကိုယ့်စမတ်ဖုန်းမှာ mJams အလုပ်မလုပ်ပါက ဘယ်လို လုပ်ရမလဲ။

  • သင့်စမတ်ဖုန်းရှိ အူရီဒူးအင်တာနက်နှင့် APN setting များ မှန်မမှန် စစ်ဆေးပါ။
  • သင့်စမတ်ဖုန်းဟာ Andriod Version 4.0 နှင့်အထက် ဟုတ်မဟုတ် စစ်ဆေးပါ။ အကယ်၍ သင့်ဖုန်းဟာ 4.0 အောက် နိမ့်နေပြီး upgrade လုပ်နိုင်သေးပါက အနည်းဆုံး Andriod Version 4.0 အထိ ရအောင် upgrade လုပ်ဆောင်ရမှာ ဖြစ်ပါသည်။
  • သို့မဟုတ် mJams Application ကို Uninstall လုပ်ပြီး Ooredoo Zone မှ ဖြစ်စေ၊ Google Play Store မှဖြစ်စေ ပြန်လည် Install လုပ်ယူပါ။

mJams ကို ဘယ်လို unsubscribe (စာရင်းပယ်ဖျက်) လုပ်မလဲ။

  • mJams ဝန်ဆောင်မှု သုံးစွဲနေရာက ၀န်ဆောင်မှုအားပယ်ဖျက်လိုလျှင် Application မှ “Help” ဆိုတဲ့ button လေးကို နှိပ်ပေးပါ။

  • SMS ဖြင့် mJams ဝန်ဆောင်မှုပယ်ဖျက်ရန် “OFF” သို့ မဟုတ် “STOP” သို့ 456 ဟုပေးပို့နိုင်ပါသည်။

  • စာရင်းသွင်းခြင်းကိုပယ်ဖျက်ပြီးပါက အောင်မြင်ကြောင်း SMS လက်ခံရရှိပါမည်။ 456 သို့ “STATUS”  ဟုပေးပို့ ၍လည်း စစ်ဆေးနိုင်ပါသည်။ ဝန်ဆောင်မှုအား ရယူထားခြင်းရှိမရှိ SMS လက်ခံရရှိပါမည်။စစ်ရင်းသွင်းထားသော ကာလကုန်ဆုံးသွားပါက သုံးစွဲသူသည် တေးသီးချင်းများကို နားဆင်နိုင်မည်မဟုတ်ပါ။

ဒီအပတ်အတွက် subscribe မလုပ်ထားပေမယ့် ပိုက်ဆံ ဖြတ်သွားတာ ဘာကြောင့်ပါလဲ။

  • mJams မှာ subscribe ပြုလုပ်ထားတာကို အလိုအလျောက် ပြန်လည်စတင်ပေးတဲ့ စနစ်ပါဝင်ပါတယ်။ အခပေး ဝန်ဆောင်မှုအတွက် ပိုက်ဆံအဖြတ်ခံရတယ်ဆိုရင် unsubscribe ပြန်မလုပ်မိတာကြောင့် ဖြစ်နိုင်ပါတယ်။ mJams အခပေးဝန်ဆောင်မှု သုံးစွဲနေရာက Unsubscribe လုပ်ချင်ရင် Application မှ “Help” ခလုတ်ကိုနှိပ်ပါ။ Unsubscribe လုပ်ပြီးသော်လည်း အချိန်မရွေး ပြန်လည် subscribe လုပ်နိုင်ပါတယ်။

mJams က သီချင်းများကို တိုက်ရိုက်ဖမ်းယူနားဆင်လို့ မရပါက ဘာလုပ်ရမလဲ။

  • သင့်စမတ်ဖုန်းရှိ အူရီဒူးအင်တာနက်နှင့် APN setting များ မှန်မမှန် စစ်ဆေးပါ။
  • mJams အခပေးဝန်ဆောင်မှုအတွက် မှန်ကန်စွာ subscribe လုပ်ထားခြင်း ရှိမရှိ စစ်ဆေးပါ။
  • mJams အခပေးဝန်ဆောင်မှုကို subscribe ပြုလုပ်ရယူနိုင်ရန် သင့်ဖုန်းတွင် လက်ကျန်ငွေ အလုံအလောက် ရှိမရှိ စစ်ဆေးပါ။

ကျွန်တော့်ရဲ့ တစ်ခါသုံးလျှို့ ဝှက်နံပါတ် ကို ရိုက်ထည့်တာ သုံးခါတောင် ရှိနေပြီ ။ mJams ထဲ ဝင်လို့ မရသေးဘူး။ ဘယ်လို လုပ်ရမလဲ။

  • မိတ်ဆွေ တစ်ခါသုံးလျှို့ ဝှက်နံပါတ် ကို ရယူထားတဲ့ အချိန်နဲ့ နံပါတ်ရိုက်ထည့် ဖြည့်သွင်းတဲ့ အချိန်ကြားမှာ အချိန်ကွာဟမှု ဖြစ်နေလို့ တစ်ခါသုံးလျှို့ ဝှက်နံပါတ် အချိန်စေ့ပြီး သုံးလို့ မရတာ ဖြစ်နိုင်တယ်။ မိတ်ဆွေရဲ့ Ooredoo ဖုန်းနံပါတ်ကို သုံးပြီး စ ဝင်ဝင်ချင်း စာမျက်နှာကနေ တစ်ခါသုံးလျှို့ ဝှက်နံပါတ် အသစ် ပြန်လည် ရယူနိုင်ပါတယ်။
  • အသုံးပြုပြီး တစ်ခါသုံးလျှို့ ဝှက်နံပါတ် တစ်ခုကို နောက်တစ်ကြိမ်ထပ်သုံးလို့ မရပါဘူး။ မိတ်ဆွေရဲ့ Ooredoo ဖုန်းနံပါတ်ကို သုံးပြီး တစ်ခါသုံးလျှို့ ဝှက်နံပါတ် အသစ် ပြန်လည် ရယူလိုက်ပါ။
  • တစ်ခါသုံးလျှို့ ဝှက်နံပါတ် သုံးခုနဲ့ အထက်ကို ရယူဖို့ တောင်းဆိုခဲ့ရင် နောက်ထပ်တစ်ကြိမ် မတောင်းဆိုခင် မိနစ် ၃၀ စောင့်ရမှာ ဖြစ်ပါတယ်။

အင်တာနက်လိုင်းက မကောင်းတော့ သီချင်းတွေ ဖမ်းယူနားဆင်လို့ မရဘူး။ ဘာလုပ်သင့်လဲ။

  • mJams ကို သုံးဖို့ အတွက် အူရီဒူး ဖုန်းလိုင်းမိတဲ့ နေရာတွေကနေ အသုံးပြုဖို့ ၊ ဒါမှမဟုတ် Wi-fi နဲ့ ချိတ်ဆက်ထားဖို့ လိုပါတယ်။
  • မိတ်ဆွေရဲ့ သီချင်းဖမ်းယူနားထောင်မှု အရည်အသွေးကို ချိန်ညှိမှုတွေ ပြုလုပ်နိုင်ပါတယ်။ မိတ်ဆွေရဲ့ Profile က Streaming Quality ကို သွားပြီး Mobile (3G/4G) ဒါမှ မဟုတ် Wifi ၊ ဒါမှမဟုတ် အဲဒီ ၂ခုလုံးမှာ Medium ဒါမှ မဟုတ် Low ကို ရွေးပေးပါ။

mJams ဖြင့် သီချင်းများကို ဝေမျှလို့ရပါသလား။

မိတ်ဆွေ စိတ်ကြိုက်သီချင်းများကိုရွေးချယ်ပြီး playlist တစ်ခု တည်ဆောက်ကာ မိမိရဲ့လူမှုကွန်ရက်ပေါ်မှာ အဲဒီ playlist ကို ပြန်လည်ဝေမျှနိုင်ပါတယ်။ ကြိုက်တဲ့သီချင်းကို နားထောင်မိတဲ့အခါ + ခလုတ်ကိုနှိပ်ပြီး သင့် Playlist ထဲ ထည့်သွင်းနိုင်ပါတယ်။ ထို့နောက် အဆိုပါ Link ကို သင့် Facebook တွင် တင်ပြီး လက်ရှိနားထောင်နေသော သီချင်းများကို သူငယ်ချင်းများနှင့် ဝေမျှနိုင်ပါတယ်။

mJams နှင့် Ooredoo Zone ဘာကွာပါသလဲ။

Ooredoo Zone မှာ ရှိတဲ့ သီချင်းများကို ဒေါင်းလုတ်ရယူပြီး ကိုယ်ပိုင်အဖြစ် သိမ်းဆည်းထားနိုင်ပါတယ်။ mJams မှာတော့ အင်တာနက်မှတဆင့် နားဆင်နိုင်မယ့် သီချင်းပေါင်းများစွာကို ကြိုက်တဲ့ အချိန်တိုင်း ၀င်ရောက်နားဆင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

mJams ကို uninstall လုပ်ပြီးနောက်ပိုင်းမှာလည်း Premium Unsubscription မှာ အပတ်စဉ်မှာယူခများ ဆက်ပေးသွင်းရမှာပါလား။

  • ဖုန်းထဲကနေ mJams အက်ပလီကေးရှင်းကို uninstall လုပ်လိုက်ပေမဲ့၊ subscription မှာယူခြင်းဟာ အလိုအလျောက် ပျက်ပြယ်သွားမှာ မဟုတ်ပါ။ ဒါကြောင့် uninstall မလုပ်ခင် ကြိုတင်ပြီး၊ unsubscribe လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှသာ subscription အလိုအလျောက်သက်တမ်းတိုးခြင်း၊ ကျသင့်ငွေများဆက်လက်ကောက်ခံခြင်း မရှိတော့မှာ ဖြစ်ပါတယ်။

Premium ၀န်ဆောင်မှုဟာ Subscription မှာကြားမှုတွေကို အလိုလို သက်တမ်းတိုးနေပါသလား။

  • Premium ၀န်ဆောင်မှုဟာ တစ်ရက် သို့ မဟုတ် တစ်ပတ်(၇ ရက်)စာအတွက် အလိုအလျောက် သက်တမ်းတိုးပါတယ်။ ဖုန်းထဲမှာ လက်ကျန်ငွေလုံလောက်အောင် ရှိရင် ရွေးချယ်ခဲ့သော Plan အရ အလိုအလျောက် သက်တမ်းတိုးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ လက်ကျန်ငွေ မလုံလောက်ပါက နောက်ထပ် ရက် ၉၀ စာအတွက် အောင်မြင်စွာ သက်တမ်းတိုးနိုင်ဖို့ mJams ထပ်မံကြိုးစားသွားမှာ ဖြစ်ပါတယ်။

Playlist ထဲ ထည့်ထားတဲ့ သီချင်းတွေကို cache နဲ့ နားထောင်လို့ရပါသလား၊ ဒါမှမဟုတ် အင်တာနက်ဖွင့်မှ နားထောင်နိုင်ပါသလား။

  • Playlist function ကတော့ သုံးစွဲသူတွေရဲ့ သီချင်းနားထောင်မှုပုံစံကို ပြန်လည်ဝေမျှနိုင်ဖို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Playlist ထဲကို သီချင်းထည့်သွင်းလိုက်ရုံနဲ့ အင်တာနက်ဖိုး လျော့ကျသွားမှာ မဟုတ်ပါ။ အက်ပလီကေးရှင်းမှာ သီချင်းတစ်ပုဒ် cache အနေနဲ့ ရှိနေတာဟာ အလွယ်တကူ ပြန်လည်နားဆင်နိုင်ရန်အတွက်သာ ဖြစ်ပါတယ်။

mJams တွင် စောင့်ဆိုင်းချိန်ခါတေးသံသာဝယ်ယူရန်။

  • သင်အကြိုက်ဆုံးတေးသီချင်းများကို နားဆင်ခံစားနေချိန်တွင် FunTone အဖြစ် ကိုဝယ်ယူထားရှိချင်သည်ဆိုပါက နားထောင်နေသည့်သီချင်း၏ဖုန်းမျက်နှာပြင်တွင်ပါရှိသည့် ဖုန်းနှင့်သံစဉ် ပုံလေးကိုနှိပ်ပြီးဝယ်ယူစာရင်းသွင်းနိုင်ပါသည်။ ထို့နောက် ၀ယ်ယူသည်ကိုအတည်ပြုပေးသည့် SMS တစ်စောင်ရရှိပါလိမ့်မည်။ ကျသင့်ငွေမှာ ပုံမှန် အူရီဒူးမှကောက်ခံသော FunTone ၀န်ဆောင်မှုနှုန်းထားအတိုင်း သီချင်းတစ်ပုဒ်အတွက် တစ်လလျှင် ၃၂၀ ကျပ်၊ FunTone ၀န်ဆောင်မှုအတွက် တစ်လလျှင် ၁၁၀၀ ကျပ်သာကျသင့်မည်ဖြစ်ပါသည်။
menu

ဝေမျှရန်။

Ooredoo မြန်မာ၏နောက်ဆုံးရသတင်းများ။


သတင်းထုတ်ပြန်ချက်များအတွက် စာရင်းသွင်းရန်

နောက်ဆုံးပေါ် အရောင်းမြှင့်တင်မှုများ၊ မိုဘိုင်းပစ္စည်းများနဲ့ သတင်းများနဲ့ မျက်ချေမပြတ်ရှိရအောင်။